How to upgrade instance type of RDS !

မိမိ သုံးနေတဲ့ RDS ဟာဆိုရင် သတ်မှတ်ထားတဲ့ CPU rate တွေ RAM rate တွေထက် overload ဖြစ်တဲ့ အခါမျိုးမှာဆိုရင် RDS ရဲ့ စွမ်းဆောင်ရည်များကျဆင်းလာပြီး မိမိ အချက်အလက်များပါ ဆုံးရှုံးမှုတွေ ဖြစ်လာနိုင်ပါတယ်။ Cloud watch ကနေ monitoring လုပ်နေတဲ့ RDS ရဲ့ performance ပိုင်းတွေကို metrics တွေနဲ့ဖော်ပြထားတဲ့ အတွက်ကြောင့် CPU ,network အစရှိသဖြင့် check လုပ်နိုင်ပါတယ်။ မိမိ RDS ရဲ့ performance ကနှေးလာပြီး ချိတ်ဆက်ထားတဲ့ webserver ကလဲ နှေးလာပြီဆိုရင် Monitoring ထဲက CPU utilize မှာ RDS လုပ်ဆောင်ချက်တွေကို စောင့်ကြည့်တဲ့ metrics မှာ စစ်ဆေးပါ။ ဥပမာ အနေနဲ့ အောက်ပါပုံကို ကြည့်ပါ။ CPU utilize မှာ DB ရဲ့ လုပ်ဆောင်မှုဟာ သတ်မှတ်ထားတဲ့ rate နားကပ်နေတာကို တွေ့ရမှာပါ။

ဒီလိုအဖြစ်ပျက်မျိုးတွေ ဖြစ်လာတဲ့အခါမှာ RDS instance class type ကို modify လုပ်တဲ့ နညး် ၂နည်းရှိတယ်။ ပထမနည်းက ရိုးရိုး Database အသုံးပြုထားတဲ့ RDS တွေက instance class ကို modify လုပ်နိုင်ပေမဲ့ modify လုပ်တဲ့ အချိန် ကတော့ ကြာမြင့်ပါလိမ့်မယ်။  ဒုတိယနညး်က Amazon aurora ကိုအသုံးပြုတဲ့ RDS တွေက Failover ဆိုတဲ့ အခြေနေတွေ ဖြစ်လာပါတယ်။ ဒီပြသာနာတွက် ဖြေရှင်းနညး်က Amazon Aurora instance ကို Read Replica လုပ်ပြီး instance class ကို အချိန်တိုအတွင်း ထပ်ချဲ့နိုင်ပါတယ်။

ရိုးရိုး Database ကို Instance class type ဘယ်လို ထပ်တိုးမလဲ ?

Step1. အရင်ဆုံး Service တွေထဲက RDS service ကို ရွေးလိုက်ပါ။

Step2. ပြီးရင် မိမိ modify လုပ်ချင်တဲ့ DB instance ကိုရွေးလိုက်ပါ။ အောက်ပါပုံမှာဆိုရင် DB instance class နေရာမှာ မိမိ လက်ရှိအသုံးပြုနေတဲ့ class type ဘဲ ဖြစ်ပါတယ်။ class type ချိန်းမှာ ဖြစ်လို့ modify ကို နှိပ်ပါ။

Step3. DB instance class မှာ မိမိ ထပ်ချဲ့ ချင်တဲ့ class အမျိုးအစားကို ရွေးလိုက်ပါ။ type တစ်ခုနဲ့ တစ်ခုဟာဆိုရင်လည်း price တွေမတူနိုင်ပါဘူး။

class type ချိန်းပြီးပြီဆိုရင်တော့ modify ကို နှိပ်လိုက်ပါ။

Step4. DB instance ထဲမှာ modify လုပ်ခဲ့တဲ့ အရာတွေကို review အနေနဲ့ ဖော်ပြထားတာ ဖြစ်ပါတယ်။ အရင်က instance type  db.t2.micro ကနေ db.t2.medium ကို modify လုပ်ထားးကို တွေ့ရမှာပါ။

Step5. ချက်ချင်း modify လုပ်မှာလား ? maintenance window မှာ ရှိတဲ့ schedule period မှဘဲ modify လုပ်မှာလား ဆိုတာ ရွေးရမှာဘဲ ဖြစ်ပါတယ်။ eg. DB ရဲ့ performance ချက်ချင်းတိုးချင်တာမို့ Apply immediately လုပ်ပါမယ်။

Step6. DB instance status မှာ အရင်က db.t2.micro instance ကို  modifying လုပ်နေတာ ဖြစ်ပါတယ်။

DB instance ရဲ့ class type ကို db.t2.micro ကနေ db.t2.medium ကို ပြောင်းလဲ လို့ ပြီးပါပြီ။

Failover Statement အတွက် Instance class type ဘယ်လို ထပ်တိုးမလဲ ?

Failover ဖြစ်တဲ့ DB instance က writer server အဖြစ်ရှိနေပါတယ်။ DB ရဲ့ class type ကို ထပ်တိုးဖို့ရန် modification time ကလဲ ၅မိနစ်အတွင်းနဲ့ DB instance ကို တိုးလို့ရတဲ့အတွက်ကြောင့် ရိုးရိုး DB ကို တိုးတာလောက် အချိန်မကုန်ပါဘူး။ လက်ရှိ DB instance ကို copy လုပ်ပြီး read replica တစ်ခုကို ဆောက်ခြင်းဖြစ်ပါတယ်။ ဆောက်ထားတဲ့ read replica ထဲမှာ instance class type တိုးခြင်းကိုလုပ်ဆောင်ပြီး တိုးထားတဲ့ replica instance ဆီမှာ writer server အဖြစ်ပြောင်းလဲ ခြင်းဖြင့် မိနစ်အပိုငး်အတွင်း နဲ့ instance type ကို ချိန်းခြငး်ဘဲ ဖြစ်ပါတယ်။

Step1. Amazon Aurora DB ကို Replica လုပ်ဖို့ရန်အတွက် replica လုပ်မဲ့ instance ကို ရွေးချယ်ပါ။ ပြီးရင် Create aurora replica ကို ရွေးပါ။

Step2. Aurora Replica source မှာ ဘယ် Cluster DB instance ရဲ့ source ကို ယူပြီး Replica ကို ဖန်တီးမလဲ ဆိုတဲ့ အတွက် ကြောင့် တိုးချင်တဲ့ cluster db ကို ရွေးပါ။ DB instance identifier name ဆိုတာက ဆောက်မဲ့ Read Replica instance အတွက် identifier name ပေးခြငး်ဖြစ်ပါတယ်။ ပြီးရင် Create Read Replica ကို နှိပ်ပါ။

အောက်ပါပုံမှာ ဆိုရင် Replica လုပ်ခဲ့တဲ့ DB instance “rds-replica” ဘဲဖြစ်ပါတယ်။

Step3. DB instance ကို Replica လုပ်ပြီးပြီဆိုရင် လက်ရှိ db.t2.small ကနေ instance type ထပ်ချဲ့ဖို့ရန် အတွက် Modify ကို နှိပ်ပါ။

instance class မှာ မိမိ ထပ်တိုးချဲ့ချင်တဲ့ အမျိုးအစားကို ရွေးပါ။

Step4. မိမိ modify လုပ်ခဲ့တဲ့ replica instance ကို modify ချင်တဲ့ အချိန်ကာလ ကိုရွေးချယ်ပါမယ်။

Step5. DB ရဲ့ လုပ်ဆောင်မှုကို High performance ဖြစ်စေဖို့ရန် Instance class တိုးထားတဲ့ DB ကို write server ချိန်းဖို့လိုပါတယ်။ Read Replica instance ကို failover လုပ်ပါမယ်။

failover လုပ်ဖို့သေချာပြီးဆိုရင် failover ကိုရွေးပါ။

Failover မလုပ်ခင် instance ပါ။

Failover လုပ်ပြီးတဲ့ instance မှာ writer နဲ့ reader server ပြောင်းလဲသွားတာကို တွေ့ရမှာပါ။

ကျေးဇူးတင်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *