How to setup RDS of AWS?

AWS ရဲ့ Database service များထဲကမှ တစ်ခုဖြစ်တဲ့ RDS(Relational Database Service) ကို အသုံးပြုပြီး database ဘယ်လိုတည်ဆောက်မလဲ ..? ဘယ်လိုအလုပ်လုပ်လဲ..? သူ့ရဲ့ parameters / data တွေရဲ့ meaning ကကော အစရှိတဲ့ အကြောင်းအရာတွေ ကို ပြောပြမှာ ဖြစ်ပါတယ်။

RDS (Relational Database Management Service)
Relational Database ကို Auto Management လုပ်ပေးတဲ့ Service ပါ။
သူက Support လုပ်တဲ့ Database တွေကတော့ Microsof SQL, MySQL, Oracle, MartiaDB, PostgreSQL, AmazonAurora  တွေပါ။
Manage လုပ်တယ်ဆိုတာမှာ Database ကြီးကို ကိုယ့်ကိုယ်စား သူက Manage လုပ်ပေးတာမျိုး မဟုတ်ပါဘူး။ DB Engine ကို Update/Downgrade, DB Server OS ကို Patching, Upgrade/Downgrade စတာတွေကို ပဲ Auto Manage လုပ်ပေးတာပါ။

အရင်ဆုံး AWS Console ကို သွားပြီး Database title အောက်မှာ ရှိတဲ့ RDS ကို ရွေးလိုက်ပါ။

MySQL DB instance တစ်ခုကို တည်ဆောက်ခြင်း

DB မဆောက်ခင်မှာ အရင်ဆုံး DB ကို ဘယ် region မှာ ထားမလဲဆိုတာ သတ်မှတ်ပေးရမှာ ဖြစ်ပါတယ်။ Note : Amazon cloud computing resources တွေကို ကမ္ဘာရဲ့ မတူညီတဲ့ နေရာတွေမှာ အရည်သွေးမြှင့်တဲ့ data center တွေထားရှိပြီး သိုလှောင် သိမ်းဆည်းထားတယ်။ ဒါကို region လို့ခေါ်တယ်။ region တစ်ခုစီတိုင်းမှာလဲ မတူညီတဲ့ နေရာများမှာလဲ Availability Zones တွေပါရှိပါတယ်။

navigation pane ထဲက Instances ကိုရွေးပါ။ ပြီးရင် DB ဆောက်ဖို့တွက် Launch DB Instance ကိုရွေးပါ။

မိမိ ဆောက်ချင်တဲ့ DB engine ကို ရွေးချယ်ရမှာဘဲ ဖြစ်ပါတယ်။ အဲ့မှာ engine type 6 မျိုးရှိပါတယ်။ ဒီ tuto မှာတော့ MySQL DB ကို ဆောက်ပြမှာ ဖြစ်ပါတယ်။  ဒါကြောင့် MySQL icon ကို ရွေးလိုက်ပါမယ်။

MySQL ကို ရွေးပြီး နောက်တစ်ဆင့်ကို ဆက်သွားရင် DB တွက် အသေးစိတ် အချက်လက်များကို ဖြည့်သွင်း သတ်မှတ်ရမှာ ဘဲ ဖြစ်ပါတယ်။

  • License model: MySQL အတွက် general license agreement ကို အသုံးပြုဖို့တွက် default အနေနဲ့ general-public-license ကိုရွေးပါမယ်။
  • DB engine version:  MySQL ရဲ့ default version ကို ရွေးလိုက်ပါ။ Amazon RDS မှာ MySQL ရဲ့ version ပေါင်းများစွာကို region အချို့မှာ support လုပ်ပေးထားပါတယ်။
  • DB instance class: မိမိ အသုံးပြုမဲ့ DB ရဲ့ CPU/RAM တွေတွက် ရွေးချယ်ရမှာ ဖြစ်ပါတယ်။ တစ်ခုနဲ့တစ်ခုက CPU/RAM rate တွေအရ price လဲကွဲပြားသွားမှာ ဖြစ်ပါတယ်။ db.t2.small ကို ရွေးချယ်ပါ။
  • Multi-AZ deployment: တစ်ခါတစ်လေမှာ မိမိရဲ့ DB server ဟာဆိုရင် workloadအရမ်းများလာပြီး မိမိ server လုပ်နိုင်စွမ်းထက်ပိုနေတဲ့အခါမျိုးမှာ failover ဖြစ်သွားတာမျိုးတွေ ရှိပါတယ်။ အကယ်လို့ အဲ့လိုဖြစ်လားတဲ့အခါမှာ မိမိရဲ့ DB ကို တစ်ခြား AZ ထဲမှာ standby အနေနဲ့ရှိနေဖို့ရန် copy ပွားထားဖို့ရန်တွက်ဘဲ ဖြစ်ပါတယ်။ No ကို ရွေးလိုက်ပါ။
  • Storage type: Instance ရဲ့ storage type အမျိုးစားကို ရွေးချယ်ရမှာဘဲ ဖြစ်ပါတယ်။ General Purpose (SSD) ကို ရွေးပါ။
  • Allocated storage:database တွက် storage gib ကို သတ်မှတ်ပေးဖို့တွက် ဖြစ်ပါတယ်။ တစ်ချို့ နေရာတွေမှာ DB ရဲ့ I/O perfformance တွေကို improve လုပ်တာထက် DB ရဲ့ storage amount ကို တိုးမြှင့်တာကို ပို ပြီးကောင်းပါတယ်။ 20 Gib ကိုရွေးလိုက်ပါ။
  • DB instance identifier: မိမိ ဆောက်မဲ့ DB တွက် instance name ပေးရမှာဘဲ ဖြစ်ပါတယ်။ eg. tutorial-db-instance
  • Master username/Master password: DB instance ကို ဝင်ရောက်ဖို့ရန် master user name နဲ့ password ပေးဖို့ရန်လိုပါတယ်။ အဲ့ဒီ user name  နဲ့ password ကို သုံးပြီး DB instance ရဲ့ database ကို ဝင်ရောက်ရမှာ ဖြစ်ပါတယ်။
  • Confirm password: confrim ဖြစ်စေဖို့ရန် နောက်တစ်ကြိမ် password ကို ထည့်သွင်းပါ။

နောက်တစ်ဆင့်ကတော့ Configure advanced settings ဘဲ ဖြစ်ပါတယ်။

  • Virtual Private Cloud (VPC): public ရော private ရော နှစ်ခုလုံးရှိတဲ့ VPC ကိုရွေးချယ်ရမှာဘဲ ဖြစ်ပါတယ်။ eg. tutorial-vpc(vpc-identifier)          Note : VPC ရဲ့ subnet တွေမှာ မတူညီတဲ့ AZs တွေရှိရပါမယ်။
  • Subnet group: VPC တွက် DB subnet group ကို အရင် create လုပ်ထားရပါမယ်။ default အနေနဲ့လဲ ရွေးလို့ရပါတယ်။
  • Public accessibility: No-VPC ရဲ့ အပြင်ဘက်မှာ ရှိတဲ့ EC2 instance တွေနဲ့ တစ်ခြား device တွေ ချိတ်ဆက်လို့ မရနိုင်ပါဘူး။
  • Public accessibility: Yes-VPC ရဲ့ အပြင်ဘက်မှာ ရှိတဲ့ EC2 instance တွေနဲ့ တစ်ခြား device တွေကို လဲ DB instance နဲ့ ချိတ်ဆက်လို့ရပါတယ်။
  • Availability zone: ဘယ် AZ ထဲမှာ ထားမလဲဆိုတာလဲ သတ်မှတ်လို့ရပါတယ်။
    VPC security groups: private access အတွက် VPC security group ကို ရွေးပါ။ eg. tutorial-db-securitygroup
  • Database name: DB တွက် name ပေးရမှာ ဖြစ်ပါတယ်။

ပြီးရင်တော့ Launch DB instance ကို နှိပ်ပြီး Amazon RDS DB instance ကို ဆောက်လိုက်ပါ။

DB instance statusမှာ available လို့ပြရင် DB instance စတင် run နေပါပြီ။

DB instance အတွက် endpoint နဲ့ port နံပတ်တွေကို အသုံးပြုပြီး Web server နဲ့ RDS DB instance ချိတ်ဆက်တဲ့ အခါမှာ အသုံးပြုရမှာ ဘဲ ဖြစ်ပါတယ်။

ကျေးဇူးတင်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *