How to setup CONFIG File to connect RDS ?

Amazon ရဲ့ services တွေထဲက EC2 service ကို အသုံးပြုပြီး Window/Linux/Ubuntu တွေနဲ့ template တွေဆောက်တယ်။ အဲ့ဒီ template ထဲမှာ webserver တွေတင်တယ် application တွေ run ကြတယ်။ webserver တွေ application တွေရဲ့ data တွေကို store လုပ်မဲ့ database ဆိုတာလဲ ပါရှိပါတယ်။ အချက်အလက်များ သိမ်းဆည်းသိုလှောင်ဖို့ရန် အတွက် EC2 instance မှာ LAMP server တွေကို install လုပ်တဲ့အခါမှာ apache/mysql/php အစရှိသဖြင့် manual setup လုပ်ရပါတယ်။ မိမိ တင်သမျှ web တွေ app တွက် အချက်အလက်တွေကို mysql ထဲမှာသိမ်းဆည်းတယ်ပေါ့။ ဒါကတော့တစ်နည်းပေ့ါ။ နောက်ထပ်တနညး်ကတော့ Amazon ရဲ့ RDS ထဲမှာ အချက်အလက်တွေသိမ်းဆည်းခြင်းပါ။ RDS service တွေအကြောင်းကို အရင်တစ်ခေါက်ကပိုစ့်မှာ ရေးသားပြီးပြီမို့အရှည်ကြီးတွေ ပြောမနေတော့ပါဘူး။ EC2 instance မှာရှိတဲ့ webserver တွေကို RDS နဲ့ ဘယ်လိုချိတ်မလဲ ဆိုတာကို ပြောပြမှာ ဖြစ်ပါတယ်။ ဘယ်လိုချိတ်ပြီး အလုပ်လုပ်ရလဲ ??

Web Server ကို install လုပ်ခြငး်

EC2 instance တစ်ခု ဆောက်ပြီးရင် terminal software ကို အသုံးပြုပြီး EC2 instance ပေါ်မှာ web server တစ်ခု ဖန်တီးပါမယ်။

၁. EC2 instance ရဲ့ DNS name or EIP address နှင့်အတူ  terminal software ကို အသုံးပြုပြီး ဝင်ပါ။

၂. Apache web server ကို Install လုပ်ပါမယ်။ (sudo yum install httpd)

၃. မိမိ web server ကို အသုံးပြုဖို့ရန် service ကို start လုပ်ပေးရပါမယ်။ (sudo service httpd start)

sudo su

yum install httpd

service httpd start

Web Server ပေါ်မှာ PHP ကို install လုပ်ခြင်း

၁. MySQL နဲ့ PHP package ကို install လုပ်ပါမယ်။ (sudo yum install php php-mysql)

၂. Apache Web Server ကို restart လုပ်ပါမယ်။ (sudo service httpd restart)

yum install php php-mysql

service httpd restart

Amazon Web Server ပေါ်မှာ WordPress ကို download/install/setup လုပ်ခြင်း

မိမိရဲ့ web server ပေါ်မှာ PHP က အလုပ်လုပ်နေပြီဆိုရင်တော့ WordPress ကို download လုပ်ပြီး installation လုပ်ပါမယ်။

၁. WordPress ကို Install လုပ်ဖို့တွက် server ရဲ့ public HTML folder အောက်ကို သွားပါမယ်။ (cd /var/www/html)

၂. WordPress ရဲ့ latest version ကို download လုပ်ပါ။ (wget http://wordpress.org/latest.tar.gz)

၃. download လုပ်ထားခဲ့ zip ဖိုင်ကို ဖြည့်ပါမယ်။ (tar -xzvf latest.tar.gz)

၄. zip file ကို ဖြည်လိုက်ရင်တော့ wordpress ဆိုတဲ့ directory တစ်ခုကိုရရှိမှာ ဖြစ်ပါတယ်။ WordPress ရဲ့ wp-config.php file ကို ဆောက်ပါမယ်။ ပြီးရင် database connection parameters ကို modify လုပ်နိုင်မှာဖြစ်ပါတယ်။Wordpress တစ်ခု တည်ဆောက်ဖို့ရန်တွက် Config file တစ်ခုတည်ဆောက်ပေးခြင်းဘဲ ဖြစ်ပါတယ်။

cd /var/www/html

wget http://wordpress.org/latest.tar.gz

tar -xzvf latest.tar.gz

//setup wp-config

mv wp-config-sample.php wp-config.php

vi wp-config.php

DB instance ထဲက dbname/db-username/db-password တွေကို မှန်ကန်စွာ ဖြည့်သွင်းရပါမယ်။ DB နဲ့ချိတ်ဖို့ config file မှာ ဖြည့်တဲ့အခါ မှာ AURORA DB နဲ့ ချိတ်ပြ မှာ ဖြစ်ပါတယ်။

/** The name of the database for WordPress */

define(‘DB_NAME’, ‘wordpress‘);  NOTE: ‘DB_NAME’ မှာ မိမိ RDS instance ရဲ့ DB name ဒါမှမဟုတ် Aurora DB instance ရဲ့ DB name ကို ဖြည့်သွင်းရမှာဘဲ ဖြစ်ပါတယ်။

/** MySQL database username */

define (‘DB_USER’, ‘wp-user‘);   NOTE: ‘DB_USER’ ဆိုတာက DB instance မှာ ဆောက်ခဲ့တဲ့ db ရဲ့ USERNAME ကို ဖြည့်ပါ။

/** MySQL database password */

define(‘DB_PASSWORD’, ‘your-password‘);  NOTE: ‘DB_PASSWORD’ ဆိုတာက DB instance မှာ ဆောက်ခဲ့တဲ့ db ရဲ့ PASSWORD ကို ဖြည့်ပါ။

/** MySQL hostname */

define(‘DB_HOST’, ‘aws-auroradb-cluster.cluster-c97kgt5tzlzo.us-west-2.rds.amazonaws.com‘);  NOTE: ‘DB_HOST’ က DB instance ရဲ့ ENDPOINT  ကို ဖြည့်ပါ။

Config file ထဲမှာ အချက်အလက်များဖြည့်သွင်းပြီးရင်တော့ မိမိ EC2 instance ရဲ့ public DNS name or EIP address ကို browser မှာ paste လုပ်ပါ။ (eg, http://ec2-54-202-202-135.us-west-2.compute.amazonaws.com/wordpress)

WORDPRESS ရဲ့ CONFIG FILE မှာ ဖြည့်ခဲ့တဲ့ INFORMATION အတိုင်းမှန်ကန်စွာ ဖြည့်သွင်းပါ။

CONFIG FILE မှာ ရှိတဲ့ အချက်လက်များ နဲ့ ကိုက်ညီမှသာ အောက်မှာ ဖော်ပြထားတဲ့ ပုံအတိုင်းတွေ့မြင်ရမှာ ဘဲ ဖြစ်ပါတယ်။ အချက်အလက်များ ထည့်ပြီးရင်တော့ INSTALL လုပ်ပါ။

WORDPRESS ကို INSTALL လုပ်ပြီးရင်တော့ USERNAME နဲ့ PASSWORD ဖြည့်သွင်းပြီး LOG IN ဝင်ပါ။

အဆင့်များ အကုန်လုံး ပြီးရင်တော့ RDS DB နဲ့ ချိတ်ဆက်ထားတဲ့ WORDPRESS တစ်ခုကို ရရှိပြီ ဖြစ်ပါတယ်။

ကျေးဇူးတင်ပါတယ်။

 

Leave a Reply

Your email address will not be published. Required fields are marked *