How to change the instance type from Smaller to Higher ?

ခု လုပ်မဲ့ article ဟာဆိုရင် မိမိ တို့ ec2 နဲ့ instance တစ်ခုကို အရင် launching လုပ်ခဲ့ ပြီးသူများအနေနဲ့ အကယ်လို့ မိမိတို့ ec2 instance မှာ app တွေအများကြီး run ထားမယ်ဆိုပါစို့။ အဲ့သလိုဆိုရင် မိမိတို့ ec2 instance type ရဲ့ CPU / Memory limit ကို ကျော်နေပြီ RUN ရတာလဲ နှေးလာပြီ။ အဲ့ဒါဆိုရင် Type ထပ်တိုးဖို့လိုလာပြီ။ဘယ်လိုတိုးရမလဲ ???

​အောက်ပါပုံ ကတော့ Instance type-t2.micro ကို အသုံးပြုထားတဲ့ EC2 ဖြစ်ပါတယ်။

How to change instance type?

Step1. Instance ကိုတိုးဖို့ကို Instance Setting > Change Instance Type ကနေပြောင်းရမှာပါ။ အောက်မှာပြထားတဲ့ပုံမှာဆိုရင် လုပ်လို့မရတာကို တွေ့ရမှာပါ။

  • အရင်ဆုံး change မလုပ်ခင် မိမိတို့ run ထားတဲ့ EC2 ကို အရင် stop ထားရပါမယ်။

  • Stop ဆိုတဲ့ button ကို နှိပ်ပြီး မိမိတို့ရဲ့ running instance ကို ပိတ်လိုက်ပါ။

  • Instance State က stopping လုပ်နေတာကို မြင်တွေ့ရမှာပါ။

  • ခုဆိုရင် Instance Type-t2.micro /Instance State-Stopped ဖြစ်နေပြီး Public IP active မဖြစ်တော့တာကိုလဲ တွေ့မြင်ရမှာပါ။

Step2. Instance Type ကိုချိန်းပါမယ်။ Instance Setting> Change Instance Type ကို ရွေးလိုက်ပါ။

  • ခုအသုံးပြုနေတဲ့ t2.micro ကနေ CPU/Memory ပိုများတဲ့ Instance type ကို ပြောင်းဖို့ကို ဘေးက up/down arrow ကို နှိပ်လိုက်ပါ။

  • Instance type-m3.medium ကိုတိုးလိုက်ပါမယ်။မိမိလိုအပ်တဲ့ space/time ပေါ်မူတည်ပြီးရွေးချယ်နိုင်ပါတယ်။ ဒီနေရာမှာ time ဆိုတဲ့အရာကို ရှင်းပြချင်ပါတယ်။ မိမိလိုအပ်တာ ၁နာရီနဲ့ Load 100 လောက်ပြီးချင်တာလား ? ဒါမှမဟုတ် ၂နာရီ နဲ့ Load 100 ပြီးမှာလား ? ဆိုတာ user ရဲ့ လိုအပ်ချက်ပေါ်မူတည်ပြီးကွဲပြားပါတယ်။

  • အောက်ပါပုံဟာဆိုရင် မိမိ ရွေးချယ်တဲ့ instance type ကို တွေ့ရမှာပါ။ပြီးရင် အသုံးပြုဖို့ confirm ဖြစ်ပြီဆိုရင် Apply button ကို နှိပ်ပြီး ဆက်သွားပါမယ်။

  • ခုဆိို တိုးလိုက်တဲ့ instance type ဟာ stopped အနေနဲ့ရှိနေပါပြီ။

Step3. ဒီအဆင့်ကတော့ တိုးခဲ့တဲ့ instance ကို stopped အခြေနေကနေ Active လုပ်တဲ့ အဆင့်ဘဲဖြစ်ပါတယ်။

  • Instance ကို Start လုပ်မှာ confirm ဖြစ်တာကြောင့် Yes,Start ကို နှိပ်လိုက်ပါမယ်။ အကယ်လို့ ထပ်ပြောင်းမယ်ဆိုရင် Cancel နှိပ်ပြီး ပြင်ဆင်လို့ရပါတယ်။

  • Instance ဟာဆိုရင် Pending State မှာရှိတာကို တွေ့ရမှာပါ။

  • တိုးလိုက်တဲ့ Instance ဟာဆိုရင် Running State အခြေနေမှာရှိပြီး Public IP ဟာဆိုရင် Changes ဖြစ်နေတာကိုတွေ့မြင်ရမှာပါ။ဒီနေရာမှာဆိုရင် လူကြီးမင်းတို့အနေနဲ့ မေးစရာရှိလာပါပြီ။အရင် EC2 ကို Launching လုပ်တဲ့ article မှာဆိုရင် EIP နဲ့ Instance ကိုချိတ်ခဲ့ပါတယ်။ EIP ထားခြင်းဖြစ် IP changes တဲ့ event ဖြစ်ခြင်းမှ မိမိရဲ့ webserver link ကို protect လုပ်နိုင်ပါတယ်။

Step4. အပေါ်က အဆင့်ထိကတော့ instance ကို upgrade လုပ်ခဲ့တာဘဲဖြစ်ပါတယ်။ ကိုယ့် instance ဟာ အပေါ်မှာတိုးခဲ့တဲ့ Space အများကြီးသုံးဖို့မလိုတော့ရင် ပုံမှန် EC2 (free tier state) ကို ပြန်ချိန်းဖို့လိုပါတယ်။ဘာလို့ဆို user အနေနဲ့ Charges အများကြီးမကုန်ဖို့ရန်ဘဲဖြစ်ပါတယ်။

  • အရင် t2.micro (free of charges) ကို ပြန်ပြောင်းဖို့ဆိုရင် အပေါ်မှာပြောခဲ့တဲ့ အတိုငး် အရင်ဆုံး instance state ကို stop လုပ်မှသာ instance type ကိုပြောင်းနိုင်မှာဖြစ်ပါတယ်။

  • Instance ကို Stop လုပ်မှာဖြစ်တဲ့ အတွက် Yes,Stop ကို နှိပ်ပါမယ်။

  • အောက်ပါပုံဟာဆိုရင် Instance State ကို Stop လုပ်တာ Pending state ဖြစ်တာကိုတွေ့ရမှာပါ။

  • အောက်ကပုံအတိုင်း Instance State ဟာ Stopped ဖြစ်သွားပြီ ဆိုရင်တော့ Instance ကို Stop လုပ်တဲ့ process အောင်မြင်ပါပြီ။

Step5. Instance Stop လုပ်ပြီးရင် Type ကို ချိ်န်းပါမယ်။

  • အောက်မှာမြင်တွေ့ရတဲ့ပုံမှာဆိုရင် အရင်က တိုးခဲ့တဲ့ Type ဖြစ်ပါတယ်။ခုက လက်ရှိ ရှိနေတဲ့ Type ထက် နည်းတဲ့ Type ကိုချိန်းမှာဖြစ်တဲ့ အတွက် up/down arrow ကိုနှိပ်ပါ။

  • t2.micro (free of charge) type ကို ပြောင်းမှာဖြစ်ပါတယ်။

  • ခုဆို t2.micro ကို ရွေးထားပြီးကြောင်းတွေ့မြင်ရမှာ ဖြစ်ပါတယ်။Confirm ဖြစ်ရင် Apply နှိပ်ပြီး ဆက်သွားပါမယ်။ ထပ်ပြင်ဆင်မယ်ဆိုရင် Cancel နှိပ်ပြီး ဆက်လက်ပြင်ဆင်နိုင်ပါတယ်။

  • ခုဆို ( Instance Type-t2.micro/Instance State-stopped ) ဖြစ်တာကို တွေ့မြင်ရမှာဖြစ်ပါတယ်။

Step6. Instance လဲ ချိန်းပြီးပြီ ဖြစ်တဲ့ Instance run ဖို့အတွက် Instance ကို Start လုပ်ပါမယ်။

  • Yes,Start ကိုနှိပ်ပြီး ဆက်သွားပါမယ်။

  • Instance State-pending ကနေ Running ဖြစ်ရင် (free of charge)type ကိုအောင်မြင်စွာ ပြောင်းလဲ ပြီးပါပြီ။

  • မိမိရဲ့ normal state ကို ပြန်လည်ရောက်ရှိပါပြီ။

ကျေးဇူးတင်ပါတယ်။

 

 

Leave a Reply

Your email address will not be published. Required fields are marked *